Wednesday, February 14, 2018

New Blog Link

We moved to new blog....
.
.
This blog is under maintenance. Sorry for your inconvenient. New blog link is http://blog.tzko-xiaomi.info

Saturday, February 18, 2017

IMEI, Baseband, Mobile Signal Fix with EDL Mode ( Demo with Redmi Note 3 Pro - KENZO)

Mobile Signal related errors တွေဖြစ်တတ်တာကတော့ Firmware တွေ downgrade ပြန်ဆင်းရင် လက်ရှိတင်ထားခဲ့တဲ့ Android version မြင့်ရာကနေ နိမ့်ရာကိုဖြစ်သွားရင် ဖြစ်လေ့ရှိပါတယ်။ Redmi Note 3 Pro နဲ့ပဲ နမူနာကြည့်ရအောင်..။ သူက စထုတ်တုန်းက Android version 5.1.1 ပါ။ နောက်ပိုင်း MIUI version update တွေလုပ်ရင်း Android version 6.0 ဖြစ်သွားပါတယ်။ အဆင့်ဆင့်တင်သွားတာ ကိစ္စမရှိပါ။ အဆင်ပြေပါတယ်။ ဒါပေမယ့် Android 6.0 စဖြစ်ပြီးနဲ့သူ့နောက်ပိုင်းတွေမှာ Android ဟာ Data partition ကို Encrypt လုပ်ထားလိုက်ပါတယ်။ အဲသည်ကျနော်တို့တွေအနေနဲ့ TWRP, root တွေလုပ်ရင် ဖတ်နိုင်အောင်ဆိုပြီး boot.img ကို patch လုပ်ပေး၊ Data partition ကို Format လုပ်ပေး၊ စတာတွေကိုလုပ်ကြရပါတယ်။ သည်တော့ TWRP, Root ဆိုတာတွေဖယ်ထားပြီး သာမာန်စဉ်းစားရင် data partition မှာ users တွေ access လုပ်လို့ရတဲ့အပိုင်းနဲ့ root မရှိရင် access လုပ်မရတဲ့ system data partition ပိုင်းနှစ်ခုရှိပါတယ်။ User access လုပ်လို့ရတာကတော့ ရှင်းပါတယ်။ Explorer ဖွင့်လိုက်ရင် files, folders တွေမြင်တယ်။ ကူးတယ်။ ဖျက်တယ်.. စသည်ဖြင့်ပေါ့။ အဲဒါတွေက users တွေ access လုပ်လို့ရတဲ့ data partition ပိုင်းပါ။ Root မပါပဲ access မရတဲ့အပိုင်းထဲမှာ ဖုန်း hardware related files တွေရှိပါတယ်။ အဲသည်ထဲမှာ Modem file လည်းပါပါတယ်။ အဲသည်ဟာကတော့ သိတဲ့အတိုင်း Mobile Network နဲ့ပတ်သက်ပြိး အဓိက file ပေါ့။

အဲသည် encrypted လုပ်ထားတဲ့ data partition က mobile network နဲ့ပတ်သက်တဲ့ file တွေကိုဖတ်ပြီး EFS File System ကိုတည်ဆောက်ပါတယ်။ အဲသည်မှာ Block သုံးခုပါပါတယ်။ EMMC Storage ပေါ်မှာရေးထားတာပါ။ အဲသည် Block သုံးခုက Fastboot rom တွေကို ဘယ် mode ကနေပဲ Flash, Flash .... အဲသည် Block သုံးခုနေရာ မထိပါဘူး။ Fastboot firmware ထဲမှာလည်း အဲသည် block သုံးခုနဲ့ပတ်သက်တဲ့ files တွေမပါပါဘူး။ သည်တော့ ပျက်လို့ပြန်ရေးမယ်ဆိုတာ အလွယ်လုပ်မရပါဘူး။

Redmi Note 3 Pro နဲ့နမူနာစဉ်းစားမယ်ဗျာ. ။ Android 6 ပါတဲ့ rom တင်လိုက်ပြီ။ Encrypted Data partition ထဲက mobile related files တွေနဲ့ EFS File System ကိုတည်ဆောက်လိုက်ပြီ။ အားလုံးအဆင်ပြေပြေပါပဲ။ အဲသည်မှာ Android 5.1.1 နဲ့ rom ကိုပြန်တင်မယ်ပေါ့။ Fastboot rom ကို flash လိုက်လေ။ OK တာပါပဲ။ ဒါပေမယ့် အထက်မှာပြောခဲ့သလို Android 6 တင်ထားတုံးက EFS file system က Encrypted လုပ်ထားတဲ့ data partition ထဲက files တွေကနေတည်ဆောက်ထားပြီး အခု Android 5.1.1 မှာကြတော့ Encrypted လုပ်မထားတဲ့ plain files တွေကနေတည်ဆောက်တဲ့အခါ info တွေအစားထိုးချိန် corrupt ဖြစ်ပြီး IMEI, Baseband, Mobile Signal နဲ့ပတ်သက်တဲ့ error တွေဖြစ်လာတာပါပဲ။ သည် EFS system က rom flash တုံး တစ်ခါတည်း flash လို့ရတဲ့အရာလည်းမဟုတ်တော့ အခုလို error ဖြစ်လာတတ်တာပါ။ သည်တော့ EFS system ထဲက block သုံးခုကိုဖျက်၊ ကောင်းနေတဲ့ဖုန်းကသည် block သုံးခုကို ယူ၊ error ဖြစ်နေတဲ့ ဖုန်းမှာပြန်ထည့်ပေး... စတဲ့နည်းနဲ့ဖြေရှင်းနိုင်ပါတယ်။

သည် EFS system corrupt က OTA update တွေလုပ်ရင်းလည်း ဖြစ်တတ်တာပါပဲ။ Fastboot rom တင်တာက ဖုန်းရဲ့ rom တစ်ခုလုံးကို Clean ဖြစ်အောင်တင်ပေးလိုက်တာဖြစ်လို့ သာမာန်အားဖြင့် error အကင်းဆုံးပါ။ OTA update တွေကလည်း firmware update လုပ်တဲ့ ဖုန်းထုတ်လုပ်သူရဲ့ official method လို့ဆိုသော်ငြား.. သူက လိုအပ်တာလေးတွေပဲ update လုပ်တာပါ။ ဒါကြောင့် OTA update မှာ firmware size ကသေးပါတယ်။ ဖုန်းတစ်ခုလုံးအတွက် firmware အပြည့်အစုံပါတာမဟုတ်ပဲ ပြင်ထားတာလေးတွေကိုပဲ update လုပ်လို့ ကိုယ်က system ပိုင်းပြောင်းလဲမှုလုပ်ထားမိတာတွေ၊ အခြားသော application တွေရဲ့ data/cache errors တွေ၊ Delvik cache errors တွေကြောင့် Logo မှာရပ်သွားတဲ့ OTA update တွေ ဒုနဲ့ဒေးပါ။ Fastboot rom လို file အပြည့်အစုံမပါတော့ နောက်ဆုံးမှာ Flash tool နဲ့ rom တင်တဲ့နည်းလမ်းသုံးပြီး ဖုန်းကို boot တက်အောင်ပြန်လုပ်လိုက်ရတော့တာပါပဲ။ သည်တော့ mobile မှာ 100% safe တယ်ဆိုတာ မရှိပါ။ အခြေအနေကြုံလာသလို ဖြေရှင်းပေးရတာပါပဲ။

ပထမဆုံး ကျနော် Redmi Note 3 Pro မှာတင်ထားပြိးသုံးနေတာ အခုနောက်ဆုံးထွက် China Developer ROM ဖြစ်တဲ့၊ 2017 FEB 7 မှာထွက်လာတဲ့ MIUI 8 7-2-16 Beta ပါ။ အားလုံးအဆင်ပြေ အလုပ်လုပ်နေပါတယ်။


အဲသည်ကမှ Android 5.1.1 နဲ့ပြန်သုံးရအောင်ဆိုပြီး Android 5.1.1 version ပါတာထဲက 2016 AUG 18 ရက်နေ့ထုတ် China Developer ROM ဖြစ်တဲ့ MIUI 8 6-8-18 Beta ကို Mi Flash Tool နဲ့ပြောင်းတင်လိုက်ပါတယ်။ အဲသည်မှာ EFS file system ဟာ အရင် Android 6 ရဲ့ Encryption တွေကြောင့် corrupt ဖြစ်ပြီး Mobile Network နဲ့ပတ်သက်တာတွေ အလုပ်မလုပ်တော့ပါ။ IMEI နံပါတ်တွေပျောက်သွားပါတယ်။ Sim Card ထည့်ထားပေးမယ့် SIM မသိတော့ပါ။ Phone Info ထဲမှာလည်း Network type တွေမသိတော့၊ မပြနိုင်တော့ပါ။ အောက်ပါပုံများကို လေ့လာကြည့်ပါ။





ကဲ... ကျနော်တို့လက်တွေ့လုပ်တာလေးကို စလိုက်ရအောင်.....။

အဆင့် - ၁ ။ ဖုန်းအကောင်းတစ်ခုမှ fsg, modemst1, modemst2 block သုံးခုထုတ်ပါမယ်။


Model တူ ဖုန်းအကောင်းတစ်လုံးကနေ Block သုံးခုကိုထုတ်ပါမယ်။ Model တူရင်ရပါပြီ။ Xiaomi တွေအတွက်ဆိုရင်တော့ Model code name ပေါ့။ Redmi Note 3 Pro ဆို KENZO ပေါ့။ RAM 2,3 GB, Internal Storage 16,32 GB ကွဲပြားနေတာတွေ ပူစရာမလိုပါ။ အဲသည်လို Storage size ကွဲပြားတာနဲ့ EFS တည်ဆောက်တာ သတ်သတ်စီပါ။ ( Xiaomi နဲ့ပတ်သက်တဲ့ blog ဖြစ်လို့ Xiaomi အတွက်ပဲပြောတာပါ။ All mobile ဖုန်းတိုင်းအတွက်မဆိုလိုပါ။ EMMC Storage တစ်ခုလုံးစာ flat partition type နဲ့သွားတတ်တဲ့ဖုန်းတွေလဲရှိပါသေးတယ်။ userdata partition ကအစ fix size သွားတတ်တာတွေပါ)။ EFS အတွက် လိုအပ်တဲ့ block သုံးခုကတော့ fsg, modemst1, modemst2 block သုံးခုပါပဲ။ အဲဒါတွေကိုထုတ်ရပါမယ်။ သည်နေရာမှာ boot loader lock ဖြစ်နေလို့ root လဲမရှိဘူး။ ADB Shell ကနေထုတ်မရဘူး။ ဆိုတာတွေ တွေးပူနေစရာမလိုပါ။ Boot loader lock နေတော့လည်း EDL mode ကနေပဲထုတ်ယူမယ်ပေါ့။ သည်နေရာမှာ လက်ရှိ error တက်နေတဲ့ ကိုယ့်ဖုန်းမှာတင်ထားတဲ့ Android version က ဘယ်လောက်လဲ ?????? 5.1.1.... သည်တော့ Android 5.1.1 တင်ထားတဲ့ အခြား Redmi Note 3 Pro တစ်လုံးကနေထုတ်ရပါမယ်။ Android 6.0 မှာပဲ အခြားသော အကြောင်းအမျိုးမျိုးကြောင့် သည် error ကိုရှင်းရမှာဆိုလည်း Android 6.0 တင်ထားတဲ့ ဖုန်းတစ်လုံးပေါ့။

အရင်ဆုံးတော့ block တွေထုတ်ဖို့၊ ဖျက်ဖို့၊ ပြန်ရေးဖို့အတွက် လိုအပ်တဲ့ tools တွေကို သည်နေရာမှာ [ EDL IMEI Fix Tools ] download ပြုလုပ်ပါ။ ကွန်ပျူတာမှာဖြည်ချထားလိုက်ပါ။ အခုဟာကတော့ Redmi Note 3 Pro နဲ့နမူနာပြလို့ Redmi Note 3 Pro ဆိုတဲ့ နာမည်ပါနေပြီး folder ထဲမှာပါတဲ့ firehose လို့ပါနေတဲ့ file က Redmi Note 3 Pro ဖုန်းနဲ့ ကွန်ပျူတာ interact လုပ်နိုင်စေဖို့ file ပါ။ အခြားဖုန်းများအတွက်ဆိုရင် အဲသည် file နေရာ မိမိဖုန်းအတွက် firehose file ကို အစားထိုးထည့်ပါ။ firehose file က ကိုယ့်ဖုန်းအတွက် Fastboot firmware ကိုဖြည်လိုက်ရင် images folder အောက်မှာရှိပါတယ်။ filename မှာ firehose လို့ပါနေပါတယ်။ အခြား ဖုန်း model များအတွက် အဲသည် firehose file လေးအပြောင်းအလဲလုပ်ပေးဖို့လိုတာကလွဲပြီး ကျန်တာမလိုပါ။ သည်နေရာ command ရိုက်ပြီးပဲ အလုပ်လုပ်တတ်အောင်၊ တစ်ဆင့်ချင်းသိနေရအောင် One Click တွေ သိပ်မလုပ်ထားတော့ပါ။

Block backup ယူဖို့အတွက် ဖုန်းအကောင်းကို EDL mode ကိုဝင်လိုက်ပါ။ Jig cable သုံးပြီးပဲဝင်ဝင်၊ အခြား မိမိတတ်ကျွမ်းရာနည်းနဲ့ပဲဝင်ဝင်.. နှစ်သက်သလိုသာလုပ်ပြီးဝင်ပါ။ Jig cable လေးဆောင် ထားပြီး အဲဒါနဲ့အလုပ်လုပ်တာကတော့ အကောင်းဆုံးပါ။ ကွန်ပျူတာနဲ့ဖုန်းကိုတော့ ဆက်ထားပေးလိုက်ပေါ့။ ဖြည်ချထားတဲ့ Folder ထဲကိုဝင်ပါ။ cmd.bat file လေးကို Double Click လိုက်ပါ။ အဲသည် file က Command Windows ခေါ်ပေးတာပါ။ ထူးထွေမဟုတ်လှပါ။


Command Windows ပေါ်လာပြီဆိုရင် ကိုယ့်ဖုန်းနဲ့ကွန်ပျူတာ COM Port Number ဘယ်လောက်မှာ အလုပ်လုပ်နေလဲဆိုတော့ကြည့်ပြီး မှတ်ထားပေးရပါမယ်။ ပုံပါအတိုင်း command ရိုက်ပြီး COM Number ကိုကြည့်ပါ။ ကျနော့်ဖုန်းနဲ့ကွန်ပျူတာ တွဲစပ်အလုပ်လုပ်နေတာ COM5 ပါ။


COM Port Number သိရင်တော့ emmcdl command tool သုံးပြီး fsg, modemst1, modemst2 block သုံးခုကိုထုတ်ယူပါမယ်။ ပထမဦးစွာ fsg block ကို ထုတ်ပါမယ်။ သည်အတွက် emmcdl -p COM5 -f prog_emmc_firehose_8976_ddr.mbn -d fsg -o fsg.img command ကိုရိုက်ပါတယ်။ နဲနဲလောက်တော့ အကြမ်းရှင်းပြပါမယ်။ emmcdl ကတော့ ကျနော်တို့ Tool folder ထဲမှာပါလာတဲ့ EDL mode နဲ့တွဲစပ် command ပေးဖို့ခိုင်းမယ့် file နာမည်ပါ။ -p COM5 ကနော့ emmcdl ကို ကွန်ပျူတာ COM Port 5 နဲ့ဆက်စပ်အလုပ်ပါ ညွှန်ကြားတာပါ။ -f prog_emmc_firehose_8976_ddr.mbn ကတော့ ကိုယ့်ဖုန်းနဲ့ကွန်ပျူတာ EDL mode မှာ တွဲစပ်အလုပ်လုပ်နေဖို့ ညွှန်ကြားပေးမယ့် Driver file ကိုပြောပေးတာပါ။ အခြားဖုန်းတွေအတွက်ဆိုလည်း သက်ဆိုင်ရာ fastboot rom မှာပါတဲ့ firehose လို့ပါတဲ့ file ပေါ့။ -d fsg ကတော့ dump လုပ်မယ် (block ထုတ်မယ်)... fsg block ကိုပါလို့ ဆိုလိုတာပါ။ ထုတ်မယ်ဆို ထွက်လာတဲ့ block ကို file တစ်ခုအနေနဲ့သိမ်းရမှာဖြစ်လို့ -o fsg.img လို့ညွှန်ကြားပေးလိုက်ပါတယ်။ -o ကတော့ ရလာတဲ့ output file ကို fsg.img လို့သိမ်းထားပါလို့ ညွှန်ကြားပေးလိုက်ပါတာပါ။ fsg.img file က ယခုကျနော်တို့ Command Windows ခေါ်အလုပ်လုပ်နေတဲ့ Tool Folder လေးထဲမှာရောက်လာမှာပါ။ စာလုံးပေါင်း အကြီး၊ အသေး၊ space ခြားတာတွေမှန်အောင် စစ်ပြီး ENTER Key နှိပ်ပေးလိုက်ရင် အောက်ဆုံးမှာ Status 0 : ...... နဲ့ success ဖြစ်ကြောင်းပြပါမယ်။ ကျနော်လုပ်ချင်တဲ့ operation အကုန်အောင်မြင်ရင် Status 0 နဲ့ပြပြီး မအောင်မြင်ရင်တော့ အခြား Status Code တွေမြင်ရမှာပါ။ emmcdl cmd စရိုက်တဲ့နေရာထိ scroll တက်ကြည့်ပြီး ဘယ်နေရာကြောင့် ..ဘာဖြစ်တယ်ဆိုတာ ကြည့်ပြီး ပြင်ဆင်နိုင်ပါတယ်။

အောက်ပါပုံများအတိုင်း Block သုံးခုဖြစ်တဲ့ (fsg, modemst1, modemst2) တို့ကိုထုတ်ယူလိုက်ပါ။




Block သုံးခုရလာရင်တော့ သည်ဖုန်းအကောင်းနဲ့လုပ်တဲ့ကိစ္စပြီးပါပြီ။ USB Cable ဖြုတ်.. Power Key ကို ကြာကြာလေးနှိပ်ပေးပြီး boot တက်ခိုင်းလိုက်ပါတော့......။




အဆင့် - ၂ ။ Error တက်နေသောဖုန်းက Blocks သုံးခုဖျက်ပါမယ်။


Error ဖြစ်နေသောဖုန်းကို EDL mode ၀င်ပြီး ကွန်ပျူတာနဲ့ဆက်ပါ။ Command Widows ကိုခေါ်ပါ။ emmcdl command နဲ့ COM Port Number အရင်စစ်ဆေးပြီး မှတ်ထားပါ။



ပထမဆုံး fsg block ကိုဖျက်ပါမယ်။ -p နောက်က COM Port No က လက်ရှိမှတ်ထားတဲ့ COM Port ပေါ့။ -f နောက်က firehose file က ကိုယ့်ဖုန်းအတွက် firehose file ပေါ့။ -e ဆိုတာက erase... ဖျက်မယ်လို့ပြောတာပါ။ ဖျက်ချင်တဲ့ block က fsg လို့ပြောပေးလိုက်တာပါ။ အောက်ပါပုံအတိုင်း fsg ကို ဖျက်လိုက်ပါ။


အဆင့် - ၁ မှာ block သုံးခုကိုဖုန်းထဲကဖတ်ယူတာကတော့ block တစ်ခုချင်းဆီအတွက် emmcdl command တစ်ခုချင်းစီရိုက်ပြိး ယူသွားတာပါပဲ။ emmcdl နဲ့ ဖုန်းထဲက block တစ်ခုခုကို ဖျက်တာပဲဖြစ်ဖြစ်၊ ရေးတာပဲဖြစ်ဖြစ် တစ်ကြိမ်ပြီးရင် EDL mode ကိုပြန်ဝင်ပြီး ပြန်လုပ်ရပါတယ်။ အခု fsg block ဖျက်ပြီးသွားပါပြီ။ နောက်တစ်ခုဖျက်ဖို့ Pure EDL mode ကို ပြန်ဝင်ပြီးမှ နောက်တစ်ကြိမ် emmcdl command ပေးရပါမယ်။ သည်အတွက် ပို safe ဖြစ်အောင် emmcdl ကနေ device reset ချတဲ့ command ကို မသုံးတော့ပဲ manual ပဲလုပ်ပါမယ်။ ဖုန်းကို usb cable ချိတ်ထားတာဖြုတ်စရာမလိုပါ။ Power + Vol Down သာ ကြာကြာလေးနှိပ်ထားလိုက်ပါ။ Fastboot mode ထဲအလိုလိုရောက်ပါမယ်။ Tool Folder ထဲရှိ Fastboot_EDL.bat file ကို Double Click ပေးလိုက်ပါ။


Fastboot ကနေ EDL ၀င်ဖို့ ဖုန်းကို Power + Vol Down နဲ့ Fastboot ၀င်၊ ကြိုးချိတိပြီး Ready ဖြစ်ရင် Key တစ်ခုခုနှိပ်ပါပြောနေပါမယ်။ Key တစ်ခုခု နှိပ်ပေးလိုက်ပါ။


ဖုန်းက EDL mode ကိုဝင်သွားပါပြီ။ Key တစ်ခုခုနှိပ်ပေးလိုက်ရင် Fastboot ကနေ EDL mode ကိုဝင်တဲ့ bat file အလုပ်လုပ်တဲ့ Windows ပိတ်သွားပါမယ်။


fsg block ဖျက်ပြီးတော့ သည်တစ်ခါ modemst1 အလှည့်ပေါ့။ emmcdl -l နဲ့ COM Port No စစ်ကြည့်။ အောက်ပုံပါအတိုင်း modemst1 block ကိုဖျက်လိုက်ပါ။



ပြီးရင် Pure EDL mode ပြန်ရောက်ဖို့ Power + Vol Down ကြာကြာလေးနှိပ်။ Fastboot ထဲရောက်ရင် Fastboot_EDL.bat file လေးကို Double click ပြီး EDL mode ကိုဝင်ခိုင်း။ EDL ရောက်ရင် နောက်ဖျက်စရာ တစ်ခုဖြစ်တဲ့ modemst2 ကိုဖျက်လိုက်ပါ။ အောက်ပါပုံများအတိုင်း လုပ်ဆောင်သွားလိုက်ပါ။

modemst1 ဖျက်ပြီးချိန် Power + Vol Down ကြာကြာလေးနှိပ်ပြီး Fastboot mode အရင်ဝင်ပါ။ Cable ဖြုတ်နေစရာမလိုပါ။ Fastboot ထဲရောက်ရင် Fastboot_EDL.bat file လေးကို Double click ပြီး EDL mode ကိုဝင်ခိုင်းလိုက်ပါ။




Block သုံးခုဖျက်ပြီးရင်တော့ ဖုန်းကို Power Key ကြာကြာလေးနှိပ်ထားပေးပြီး boot တက်ခိုင်းလိုက်ပါ။ EFS File system ပြန်လည်တည်ဆောက်သွားပါမယ်။ Mobile Network နဲ့ပတ်သက်တာတွေ တော့ ဘာမှအလုပ်လုပ်မှာ မဟုတ်သေးပါ။ ပြီးရင် ဖုန်းကို Power ပြန်ပိတ်ပါ။

အဆင့် - ၃ ။ Backup ယူထားတဲ့ Block သုံးခုပြန်ထည့်မယ်။


ဖုန်းကို EDL mode ၀င်ပြီး ကွန်ပျူတာမှာချိတ်ပါ။ emmcdl -l နဲ့ COM Port စစ်ကြည့်ပြီး fsg block ကိုစရေးပါ။ -b fsg option ကတော့ block တစ်ခုရေးမယ် ဆိုလိုတာပါ။ သူ့နောက်က fsg ကတော့ fsg block ကို ရေးမယ်ပေါ့။ နောက်ဆုံးကတော့ ကျနော်တို့ လက်ရှိအလုပ်လုပ်နေတဲ့ Tool Folder ထဲမှာ backup ယူထားတဲ့ fsg.img ဆိုတဲ့ file ကို ရေးမယ်လို့ညွှန်ကြားလိုက်တာပါ။



fsg block ပြိးရင် modemst1 အလှည့်ပေါ့။ emmcdl နဲ့ write operation တစ်ခုလုပ်ပြိးလို့ Pure EDL mode ပြန်ဝင်ပေးပြီးမှ modemst1 ရေးရပါမယ်။ safe ဖြစ်ရအောင် အဆင့် - ၂ မှာ လုပ်ခဲ့သလို Fastboot Mode ကို အရင်ပြီးမှ Fastboot_EDL.bat နဲ့ EDL ကိုဝင်ခိုင်းလိုက်ပါ။ ပြီးမှ အောက်ပါပုံက Command နဲ့ modemst1 ကိုရေးပါ။




နောက်ဆုံးကတော့ modemst2 block ပြန်ရေးတာပေါ့။ ထုံးစံအတိုင်းပါပဲ။ Power + Vol Down နဲ့ Fastboot mode အရင်သွား...။ Fastboot_EDL.bat file အကူအညီနဲ့ EDL mode ကိုဝင်...။ ပြိးရင်တော့ အောက်ပါပုံက command အတိုင်း modemst2 block ကိုရေးပေးလိုက်ပါ။




Block သုံးခုရေးတာပြီးဆုံးရင်တော့ Jig Cable ကိုဖြုတ်....။ Power Key ကို ကြာကြာလေးနှိပ်ပေးလိုက်ပါ။ Mi Logo ပေါ်လာပြီး Boot တက်သွားပါမယ်။ အားလုံးပြန်တက်လာရင်တော့ Mobile Network နဲ့ပတ်သက်တဲ့ Problem တွေကင်းရှင်းနေပါပြီ။




အချို့သော Qualcomm CPU Based phone တွေမှာတော့ Boot loader program ပေါ်မူတည်ပြီး Fastboot_EDL.bat file ကို Double click ပြီး software ကနေ EDL ၀င်ခိုင်းလို့မရပါ။ သည်အတွက် Manual Keys တွေနှိပ်ပြီး Fastboot Mode + Jig Cable ကိုတွဲသုံးပြီး EDL ၀င်ပါမယ်။ Block တစ်ခုဖျက်တာ၊ ရေးတာ ပြီးပြီဆိုတာနဲ့ Cable ဖြုတ်မနေပါနဲ့။ Power + Vol Down နှိပ်ထားပါ။ Fastboot ၀င်သွားပြီး ကွန်ပျူတာနဲ့လဲ အောက်ပါပုံအတိုင်း ချိတ်ဆက်နေပုံဖြစ်နေပါမယ်။


နံပါတ် - ၁... Jig Cable က button ကို လက်တစ်ဖက်က အရင်နှိပ်ထားပါ။ နံပါတ် - ၂... ကျန်လက်တစ်ဖက်က ဖုန်းက power key ကို ဖိထားပါ။ နဲနဲလေးကြာရင် fastboot logo ပျောက်ပါပြီ။ အဲသည်အချိန် Power key ကိုဖိထားတာလွှတ်လိုက်ပါ။ အဲသည်လက်လွှတ်ပြီး 5 sec လောက်ကြာရင် Jig Cable က button ကို ဖိထားတဲ့ လက်ကိုလွှတ်လိုက်ပါ။ အဲဒါဆိုရင် EDL mode ကိုရောက်ပါပြီ။ 900E Mode ၀င်နေတဲ့ဖုန်းတွေကိုလည်း Fastboot + Jig cable နဲ့ အခုလိုပုံ EDL (9008) ရောက်အောင်လုပ်လို့ရပါတယ်။

သည်နည်းကတော့ Mobile Network Problem တွေဖြစ်နေချိန်၊ Boot Loader Lock လဲဖြစ်နေချိန်မှာ အခြား Android version တူ ဖုန်းအကောင်းတစ်လုံးကနေ fsg, modemst1, modemst2 block တွေ backup ယူ၊ error ဖြစ်နေတဲ့ဖုန်းမှာ block တွေဖျက်၊ ပြန်ထည့်တဲ့နည်းနဲ့ Fix လုပ်တာပါပဲ။ Boot Loader Lock နေချိန် သည်နည်းပဲ အရင် try ကြည့်စရာရှိပါတယ်။ အဆင်မပြေမှပဲ Unofficial Boot Loader Unlock ရအောင်လုပ်၊ TWRP, root တွေလုပ်၊ QCN Backup တွေပြန်ထည့်နည်းကို လုပ်ကြည့်ဖို့ Try ရမှာပါ။

MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ.....။

Thursday, January 26, 2017

Create Custom Splash Screen for Mi Max (Boot Logo)

အပျင်းပြေကလိလို့ရအောင်။ Mi Max အတွက် ကိုယ့်စိတ်ကြိုက် Splash Screen (Boot Logo) လေးတွေ လုပ်ကြည့်တာပါ။ ဖုန်း Power စ ဖွင့်ဖွင့်ချင်း ပေါ်လာတဲ့ Logo ပါ။ ပုံမှန်အတိုင်းဆို Mi Logo ပေါ့။ အဲသည်ဟာကို ကိုယ့်စိတ်ကြိုက် လုပ်ထားတာပါ။ အဲသည် Logo ပေါ်ပြီး android ဆိုတဲ့ အစက်လေးတွေ ပြေးနေတဲ့ screen မဟုတ်ပါဘူး။ အဲဒါက Boot Animation ပါ။


  • လိုအပ်တဲ့ ပုံအရွယ်အစားကတော့ Mi Max ရဲ့ Native Resolution ဖြစ်တဲ့ (1024 x 1920 px) ဖြစ်ရပါမယ်။ သူ့ထက်သေးလည်း ရပါတယ်။ Screen အလယ်မှာပေါ်အောင် adjust လုပ်ပေးသွားမှာပါ။

  • မိမိပုံရဲ့ filename ကို logo.png လို့ပေးထားပါ။ Splash Image Maker ရဲ့ pics folder အောက်မှာ ကူးထားပါ။

  • CREAGE_LOGO.bat file ကို Double Click နှိပ်ပါ။ Splash image အတွက် လိုအပ်တဲ့ files တွေကို crate လုပ်ပေးသွားပါလိမ့်မယ်။

output folder အောက်မှာ file နှစ်ခုတွေ့ပါမယ်။ တစ်ခုက zip ပါ။ အဲဒါကတော့ TWRP ကနေ flash ရမှာပါ။ နောက်တစ်ခုကတော့ splash.img ပါ။ အဲဒါကတော့ fastboot ကနေ Flash ရပါမယ်။ သည်နေရာမှာ EDL ကနေ မိမိလိုချင်တာ တစ်ခုချင်းဆီ ဘယ်လို flash မလဲဆိုတာ ဗဟုသုတအနေနဲ့ တင်ပြပေးသွားပါမယ်။




  • TWRP ကနေ flash ဖို့ကတော့ ထူးထွေပြောစရာမလိုပါ။ zip ကို ဖုန်းထဲကူးထည့်၊ TWRP ထဲဝင်၊ INSTALL Button နှိပ်၊ zip file ရွေးပေးပြီး swipe လုပ်ရုံပါ။

  • Fastboot ကနေ Flash ဖို့ သည် file [ Fastboot Flash ]ကို download ပြုလုပ်ပါ။ ကွန်ပျူတာမှာဖြည်ချထားပါ။ Splash Image Maker Folder ထဲက output folder အောက်မှာ ရထားတဲ့ splash.img file ကို ကူးထည့်ပါ။ cmd.exe ကို Double Click ပါ။ Command Windows ပေါ်လာရင် ပုံပါအတိုင်း command ရိုက်လို့ Flash ပေးလိုက်ပါ။

  • EDL ကနေ flash ဖို့ Mi Max Prime (3/64, 4/128) အတွက် သည် file [ EDL Flash Mi Max Prime ] ကို download ပြုလုပ်ပါ။ Mi Max (2/16, 3/32) အတွက် သည် file [ EDL Flash Mi Max ] ကို download ပြုလုပ်ပါ။ ကွန်ပျူတာ မှာဖြည်ချထားပါ။ splash.img file ကို ကူးထည့်ထားပါ။ cmd.exe ကို Double Click နှိပ်ပါ။

  • Mi Max ကို EDL mode ၀င်ပါ။ အလွယ်ဆုံးကတော့ ဖုန်းကို Power ပိတ်၊ VOL UP + VOL DOWN တူတူတွဲနှိပ်ထား၊ ပြီးရင် POWER ကိုနှိပ်၊ vibrate တုန်ရင် keys တွေကိုလွှတ် EDL mode ရောက်ပါပြီ။ Computer က Device Manager ထဲမှာ Port Number ကိုကြည့်ပါ။ ကျနော်နမူနာလုပ်နေတဲ့ပုံအရ COM5 ပါ။

  • အောက်ပါပုံအတိုင်း command ရိုက်ပေးပြိး Enter နှိပ်ပါ။ COM5 နေရာမှာ မိမိတို့ဖုန်းအတွက်ပေါ်လာတဲ့ COM No ကိုရေးပါ။ စာလုံး ကြီး သေး မှန်ပါစေ။ Space ခြားသင့်သည့်နေရာ ခြားပါ။ -f နောက်က programmer filename ရိုက်ရင် prog လောက်ထိရိုက်ပြီး TAB Key နှိပ်ရင် နာမည်အပြည့်အစုံပေါ်လာပါတယ်။ မှားမှာ စိတ်ပူစရာမလိုပါ။ Command သေချာရိုက်ပြီးရင်တော့ Enter key နှိပ်ပေးလိုက်ပါ။ Flash သွားပါလိမ့်မယ်။


Original အတိုင်း ပြန်ထားချင်ရင်တော့ အောက်ပါ files လေးတွေကို download ပြုလုပ်ပြီး ပြန်ထည့်ပေးပါ။
  • TWRP ကနေ ပြန် Flash ပေးရန်..[ Original Splash for TWRP]
  • Original Splash.img file [ Original Splash.img ] ကို download ပြုလုပ်ပါ။ အထက်အဆင့်များတွင် ဖြည်ချထားခဲ့သော FastbootFlash or EDLFlash folder များအောက်တွင် ကူးထည့်ပြီး ပြန် flash ပေးပါ။



MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ...။

New Blog Link

We moved to new blog.... . . This blog is under maintenance. Sorry for your inconvenient. New blog link is http://blog.tzko-xiaomi.info