Thursday, January 26, 2017

Create Custom Splash Screen for Mi Max (Boot Logo)

အပျင်းပြေကလိလို့ရအောင်။ Mi Max အတွက် ကိုယ့်စိတ်ကြိုက် Splash Screen (Boot Logo) လေးတွေ လုပ်ကြည့်တာပါ။ ဖုန်း Power စ ဖွင့်ဖွင့်ချင်း ပေါ်လာတဲ့ Logo ပါ။ ပုံမှန်အတိုင်းဆို Mi Logo ပေါ့။ အဲသည်ဟာကို ကိုယ့်စိတ်ကြိုက် လုပ်ထားတာပါ။ အဲသည် Logo ပေါ်ပြီး android ဆိုတဲ့ အစက်လေးတွေ ပြေးနေတဲ့ screen မဟုတ်ပါဘူး။ အဲဒါက Boot Animation ပါ။


  • လိုအပ်တဲ့ ပုံအရွယ်အစားကတော့ Mi Max ရဲ့ Native Resolution ဖြစ်တဲ့ (1024 x 1920 px) ဖြစ်ရပါမယ်။ သူ့ထက်သေးလည်း ရပါတယ်။ Screen အလယ်မှာပေါ်အောင် adjust လုပ်ပေးသွားမှာပါ။

  • မိမိပုံရဲ့ filename ကို logo.png လို့ပေးထားပါ။ Splash Image Maker ရဲ့ pics folder အောက်မှာ ကူးထားပါ။

  • CREAGE_LOGO.bat file ကို Double Click နှိပ်ပါ။ Splash image အတွက် လိုအပ်တဲ့ files တွေကို crate လုပ်ပေးသွားပါလိမ့်မယ်။

output folder အောက်မှာ file နှစ်ခုတွေ့ပါမယ်။ တစ်ခုက zip ပါ။ အဲဒါကတော့ TWRP ကနေ flash ရမှာပါ။ နောက်တစ်ခုကတော့ splash.img ပါ။ အဲဒါကတော့ fastboot ကနေ Flash ရပါမယ်။ သည်နေရာမှာ EDL ကနေ မိမိလိုချင်တာ တစ်ခုချင်းဆီ ဘယ်လို flash မလဲဆိုတာ ဗဟုသုတအနေနဲ့ တင်ပြပေးသွားပါမယ်။




  • TWRP ကနေ flash ဖို့ကတော့ ထူးထွေပြောစရာမလိုပါ။ zip ကို ဖုန်းထဲကူးထည့်၊ TWRP ထဲဝင်၊ INSTALL Button နှိပ်၊ zip file ရွေးပေးပြီး swipe လုပ်ရုံပါ။

  • Fastboot ကနေ Flash ဖို့ သည် file [ Fastboot Flash ]ကို download ပြုလုပ်ပါ။ ကွန်ပျူတာမှာဖြည်ချထားပါ။ Splash Image Maker Folder ထဲက output folder အောက်မှာ ရထားတဲ့ splash.img file ကို ကူးထည့်ပါ။ cmd.exe ကို Double Click ပါ။ Command Windows ပေါ်လာရင် ပုံပါအတိုင်း command ရိုက်လို့ Flash ပေးလိုက်ပါ။

  • EDL ကနေ flash ဖို့ Mi Max Prime (3/64, 4/128) အတွက် သည် file [ EDL Flash Mi Max Prime ] ကို download ပြုလုပ်ပါ။ Mi Max (2/16, 3/32) အတွက် သည် file [ EDL Flash Mi Max ] ကို download ပြုလုပ်ပါ။ ကွန်ပျူတာ မှာဖြည်ချထားပါ။ splash.img file ကို ကူးထည့်ထားပါ။ cmd.exe ကို Double Click နှိပ်ပါ။

  • Mi Max ကို EDL mode ၀င်ပါ။ အလွယ်ဆုံးကတော့ ဖုန်းကို Power ပိတ်၊ VOL UP + VOL DOWN တူတူတွဲနှိပ်ထား၊ ပြီးရင် POWER ကိုနှိပ်၊ vibrate တုန်ရင် keys တွေကိုလွှတ် EDL mode ရောက်ပါပြီ။ Computer က Device Manager ထဲမှာ Port Number ကိုကြည့်ပါ။ ကျနော်နမူနာလုပ်နေတဲ့ပုံအရ COM5 ပါ။

  • အောက်ပါပုံအတိုင်း command ရိုက်ပေးပြိး Enter နှိပ်ပါ။ COM5 နေရာမှာ မိမိတို့ဖုန်းအတွက်ပေါ်လာတဲ့ COM No ကိုရေးပါ။ စာလုံး ကြီး သေး မှန်ပါစေ။ Space ခြားသင့်သည့်နေရာ ခြားပါ။ -f နောက်က programmer filename ရိုက်ရင် prog လောက်ထိရိုက်ပြီး TAB Key နှိပ်ရင် နာမည်အပြည့်အစုံပေါ်လာပါတယ်။ မှားမှာ စိတ်ပူစရာမလိုပါ။ Command သေချာရိုက်ပြီးရင်တော့ Enter key နှိပ်ပေးလိုက်ပါ။ Flash သွားပါလိမ့်မယ်။


Original အတိုင်း ပြန်ထားချင်ရင်တော့ အောက်ပါ files လေးတွေကို download ပြုလုပ်ပြီး ပြန်ထည့်ပေးပါ။
  • TWRP ကနေ ပြန် Flash ပေးရန်..[ Original Splash for TWRP]
  • Original Splash.img file [ Original Splash.img ] ကို download ပြုလုပ်ပါ။ အထက်အဆင့်များတွင် ဖြည်ချထားခဲ့သော FastbootFlash or EDLFlash folder များအောက်တွင် ကူးထည့်ပြီး ပြန် flash ပေးပါ။



MIUI Fans များ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ...။

No comments:

Post a Comment

New Blog Link

We moved to new blog.... . . This blog is under maintenance. Sorry for your inconvenient. New blog link is http://blog.tzko-xiaomi.info